လုံးဝ
အလန်းကြီးဗျာ။ ဖုန်းထဲက ဓါတ်ပုံများကို ကွန်ပျူတာသို့ ..ကြိုးမဲ့
ပို့နိုင်မယ့် photo transfer app လေးပါ။ ဖုန်းနဲ့ကွန်ပျုတာကို wifi
ချိတ်ပြီး ပို့ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်ကွန်ပျူတာမှာ Cool Photo
Transfer server ဆော့ဝဲကို ထည့်ရပါမယ်။ ဆော့ဝဲ ထည့်ပြီးရင် ဖုန်းထဲမှာ
install လုပ်ထားတဲ့ App နဲ့ ..ချိတ်ဆက်ရမှာဖြစ်ပါတယ်။
ဖုန်းကနေ
wifi hot spot လွှင့်ပြီး ကွန်ပျူတာနဲ့ချိတ်ပါ။ ကွန်ပျူတာထဲက server
software မှာ IP နံပါတ်များ ဖော်ပြပါလိမ့်မယ်။ ဖုန်း App ထဲက Manual
Connect ကို နှိပ်ပြီး server software ကနေ ဖော်ပြထားတဲ့ IP နံပါတ်များကို
ရိုက်ထည့်လိုက်ပါ။ ဒါဆို ဖုန်းနဲ့ကွန်ပျူတာ နဲ့ချိတ်ဆက် လို့ရသွား ပါပြီ။
ချိတ်ပြီးသွားရင် ဖုန်းထဲက ပုံများကို ကွန်ပျူတာဆီ ပို့လို့ရပါပြီ။
ပို့လို့ရတဲ့ပုံစံတွေက
အလန်းကြီးတွေဗျာ။ ပုံများကို ဘေးကို တွန်းထုတ်လိုက်ရင် ကွန်ပျူတာထဲမှာ
Animation လေးနဲ့ ၀င်သွားတယ်။ ဖုန်းကို shake လုပ်ရင်လဲ ကွန်ပျူတာထဲမှာ
ပုံလေးက တုန်ခါ
