Monday 28 April 2014

ive Wallpaper maker


Image
Image
————————-

Android phone သုံးနေတဲ့ သူငယ်ချင်းများ အားလုံး
အတွက် အဆင်ပြေမယ့် ဆော့ဖ်ဝဲလေးပါ။
ကိုယ့်ဖုန်းထဲက Live Wallpaper တွေထဲမှာ ကိုယ့်စိတ်ကြိုက် ဖန်တီးထားတဲ့ Live wallpaper လေး တွေကို ဖုန်းထဲမှာပဲ ကိုယ်တိုင် ပြုလုပ် သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ မိမိတို့ ရဲ့  Gallery ထဲက မည်သည့် ဓါတ်ပုံ၊ ဗွီဒီယို ဖိုင်ကိုမဆို Live wallpaper အဖြစ် ပြုပြင်ဖန်တီး သုံးစွဲလို့ ရပါပြီ။ ဖိုင်ဆိုဒ်ကတော့ 20MB နီးပါး ရှိပါတယ်။
လုပ်ဆောင်ချက်ကလည်း တော်တော် စုံလင်ပါတယ်။
Live wallpaper ပြုလုပ်ပုံဟာလည်း ရိုးရှင်း လွယ်ကူပါတယ်။ Live wallpaper maker ကို ဖွင့်။ ပြီးရင် ဓါတ်ပုံထည့်ပြီးလုပ်မှာလား၊ ဗွီဒီယို ဖိုင်ထည့်ပြီး လုပ်မှာလားဆိုတာကို ရွေးချယ်။ ဥပမာ.. ဓါတ်ပုံ ထည့်မယ် ဆိုပါတော့။ Gallery ကိုရွေး။ ကိုယ့် စိတ်ကြိုက် ဓါတ်ပုံလေးတွေကို အနည်းဆုံး ၃ ပုံရွေးချယ် ပြီး Select ကို တစ်ချက်နှိပ်ပါ။ အဲဒါဆို မှန်ပေါ်မှာ နမူနာ ပုံစံ ပေါ်နေပါပြီး။ အဲဒီနေရာကို ရောက်ပြီဆိုရင် နောက်ခံ အရောင်ပြောင်းတာ။ ဓါတ်ပုံ တစ်ပုံနဲ့  တစ်ပုံ အကူးအပြောင်းမှာ Effect တွေ ထည့်ထာ။ ပြီးတော့ စာတန်း ထိုးတာတွေကို အရွယ်၊ အရောင် စသဖြင့် အသေးစိတ် ရွေးချယ် ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းဆော့ဖ်ဝဲတွေနဲ့  မစိမ်းကြဘူးဆိုရင်တော့ သိပ်မခက်ခဲပါဘူး။ လက်တွေ့ လုပ်ကြည့်ရင် ပိုပြီးတော့ လွယ်ကူတာကို တွေ့ ရမှာပါ။
ကိုယ့်ရဲ့  ဖုန်းထဲမှာ ကိုယ်တိုင် ဖန်တီးထားတဲ့ Live wallpaper လေးနဲ့  လန်းချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းယူပြီး စမ်းကြည့်လိုက်နော်။
|DOWNLOAD | ဒေါင်းရန် ဒီမှာ နှိပ်ပါ|

No comments:

Post a Comment