Sunday 4 May 2014

Android အတွက် Apk ဖိုင် လွယ်လွယ်ကူကူနဲ့ ဖန်တီးမယ်

ဘလော့သမားတွေအတွက်မိမိရဲ့ဆိုဒ်လေးကိုandroid တွေကနေ apk ဖိုင်လေးပြုလုပ်ပြီး
အလွယ်တကူဝင်ရောက်ကြည့်ရှု့လို့ရအောင်ပြုလုပ်နည်းလေးပါ....ဘလော့ဂါအသစ်များအတွက်ပါ
လွယ်ပါတယ် အရမ်းကို လွယ်ကူပါတယ် အဆင့်နှစ်ဆင့်ထဲနဲ့  Apk file လေးတွေကို Online ပေါ်မှာ မိနစ်ပိုင်းအတွင်းဖန်တီးနိုင်မှာပါ 
ဖန်တီးရမယ့်Apk ဖိုင်လေးရဲ့ အကြောင်းကတော့ အင်တာနက်ပေါ်မှာ မိမိ သဘောကျတဲ့ ဆိုဒ်ကလေးတွေကို ဖုန်းထဲမှာ ဖုန်းစကရင် နဲ့ Fix အဖြစ် ဖတ်ရှူ့လို့ရအောင်  ကိုယ်တိုင်လုပ်ကြည့်မှာပါ ။ 
ဖုန်းမှာပေါ်မယ့် Apk ရဲ့ iCon ကိုလဲ ကြိုက်တဲ့ပုံထည့်လို့ရပါတယ် ။
ကျနော်ကတော့ ကျနော်တို့ဘလော့လေးတစ်ခုကို Apk Market လေးတစ်ခုအဖြစ် လုပ်လိုက်ပါတယ်
 
http://freemobilesharing.blogspot.com ရဲ့  MMF Market ကို လိုချင်သူများ ဒီမှာဒေါင်းပါ ။

ပထမဆုံး ဒီမှာကလစ်နှိပ်ပြီး ဖိုင်ဖန်တီးမဲ့ ၀က်ဆိုဒ် ဆီကို သွားပါ http://www.appsgeyser.com/

ဆိုက်ထဲရောက်ပြီဆိုရင် အဲဒီမှာ ကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း CREATE APP NOW! ဆိုတဲ့စာလေးကိုနှိပ်လိုပါ





အောက်ကကျနော်ပုံမှာဝိုင်းထားတဲ့အတိုင်း WEBSITE ဆိုတဲ့စာလေးကို နှိပ်လိုက်ပါ ။




အဲဒီမှာ အောက်ကကျနော်ပုံမှာ ပြထားတဲ့အတိုင်း 

( 1 ) မှာ သင့်ရဲ့ ဆိုက်လင့်ကို ထည့်ပါ

( 2 )  သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon နာမည်လေးကို သင်ကြိုက်နှစ်သက်ရာထားပါ ။

Description ဆိုတဲ့အကွက်မှာ ဖြည့်ရန်မလိုပါ ။

( 3 ) သင့် Apk ကို ဖုန်းမှာအင်စတောလုပ်လိုက်တဲ့အခါမှာ iCon ပုံလေးကို သင်ကြိုက်နှစ်သက်ရာထားဖို့ရန် Custom iCon ကိုရွေးပြီး UPLOAD ဆိုတဲ့စာလေးကိုနှိပ်လိုက်ပါ သင့် My Computer ဘောက်လေးထွက်လာပါမယ် သင်မှာရှိသောပုံကို ရွေးခြယ်ပြီး iCon ပုံထားနိုင်ပါတယ် ။

( 4 )  Auto စာလေးကို ရွေးထားပေးပါ ။
ပြီးပြီဆိုရင် CREATE APP  ဆိုတဲ့ ဝိုင်းထားတဲ့စာကိုနှိပ်လိုက်ပါ ။




အပေါ်ကအဆင့်တွေ လုပ်ပြီးတဲ့အခါမှာ အောက်ကပုံအတိုင်းထွက်လာပါမယ် သူ့ဆိုက်မှာ မန်ဘာဝင်ဖို့ရန် Register ဖြည့်ရပါမယ် ။
First Name = သင့်ရဲ့နာမည်ဖြည့်ရန်

Last Name = သင့်ရဲ့နာမည်ဖြည့်ရန်

E-mail    =  သင့်ရဲ့ အီးမေးဖြည့်ရန်

Password = သင်သူ့ဆိုက်ကို ဝင်ဖို့ရန် ကြိုက်နှစ်သက်ရာ ပတ်စဝတ် ထည့်ရန်

Retype Password = သင်ထည့်ထားသော ပတ်စဝတ်ကို နောက်တစ်ခါမှန်အောင်ဖြည့်ထည့်ရန်

I agree with the ဆိုတဲ့ မြှားပြထားတဲ့စာလေးကို အမှန်ခြစ်ပေးပါ ။
အားလုံးပြီးပြီဆိုရင်တော့ ပုံမှာဝိုင်းပြထားတဲ့ SIGN UP ဆိုတဲ့စာလေး နှိပ်လိုက်ပါ ။




အပေါ်ကအဆင့်တွေ အားလုံးဖြည့်ပြီးပြီဆိုရင် မိမိလုပ်ထားသော Apk ဆော့ဝဲလေးအား ဒေါင်းဖို့ရန် Download စာမျက်နှာလေးထွက်လာပါပြီ ပုံမှာမြှားပြထားသော စာလေးကိုနှိပ်၍ သင့်ဆော့ဝဲ Apk အားဒေါင်းနိုင်ပါပြီ ။




ကဲ... အားလုံးပဲ အဆင်ပြေစွာဖြင့် ပျော်ရွှင်နိုင်ကြပါစေ.....

ရွှေနဒီ နည်းပညာဆိုက်မှ မျှဝေခြင်းဖြစ်ပါသည် ။
အဆင်ပြေပါစေဗျာ
လွမ်းဦးမောင်(မြောင်းမြသားလေး)ရဲ့ဘလော့လေးကိုဝင်ရောက်ကြည့်ရှု့အားပေးနေကြသော
မိတ်ဆွေအားလုံးကိုရင်ဘတ်ကြီးနဲ့အမျှကျေးဇူးးတင်ပါတယ်ဗျာ..တုန့်ပြန်မှု့တစ်ခုအနေနဲ့
တောင်းဆိုမှု့တစ်ခုတော့ပြုပါရစေ...သူငယ်ချင်းရဲ့ဝေဖန်အကြံပေးမှု့နဲထပ်တူညီမျှတဲ့
ကွန်မန့်လေးကိုထားရစ်ခဲ့စေချင်ပါတယ်...

No comments:

Post a Comment