Wednesday 14 May 2014

ကွန်ပြူတာကိုအလှဆင်ကြမယ်

သူငယ်ချင်းတို့ရဲ့ကွန်ပျုတာ Screen ကို အသဲပုံလေး ပန်းလေးတွေနဲ့အလှဆင်ကြည့်ရအောင်နော် စိတ်ဝင်စားတယ်ဆိုရင် စမ်းသပ်ကြည့်နော် အရမ်းလှတာ ထက်ထက်စမ်းသပ်ပြီးပြီ
..လုပ်ပုံလုပ်နည်းကို အောက်မှာပုံလေးနဲ့ရှင်းပြထားပါတယ် အရင်ဆုံး Software လေးကိုဒေါင်းလိုက်ပါနော်.. ဒီနေရာလေး ကို ဒေါင်းလိုက်ပါ..ပြီးရင် Install လုပ်ပြီးတာနဲ့ မိမိရဲ့ ကွန်ပျုတာ Screen မှာ အသဲပုံနဲ့အတူး ပန်းလေးတွေ အများကြီး ကိုတွေ့ရပါလိမ့်မယ် ပြီးရင် ဘောက်စ်တခုထွက်လာပါလိမ့်မယ် အောက်ကပုံလေးကိုကြည့်လိုက်ပါ ...



Hearts and flowers setting ဆိုတဲ့ဘောက်စ်လေးမှာ အသဲပုံလေးကို အနည်းအများ ဒါမှမဟုတ် အသဲပုံလေးတွေအများကြီးထွက်လာအောင် ကိုယ်ကြိုက်သလောက် ချိန်လို့ရပါတယ် ကိုယ်ကြိုက်သလောက်ချိန်ပြီးပြီဆိုရင် ဘောက်စ်လေးကိုပိတ်လိုက်တာနဲ့နောက်ထပ်ဘောက်စ်တခုထွက်လာ ပါလိမ့်မယ်နော် အဲဒီမှာ OK ကိုနှိပ်လိုက်ပါ... 




အားလုံးပြီးသွားပြီဆိုရင် မိမိရဲ့ကွန်ပျုတာ Screen ပေါ်မှာ Hearts and flowers ဆိုတဲ့ Software လေးရောက်ရှိသွားပါပြီနော် Screen ပေါ်မှာ အသဲပုံလေးနဲ့ပန်းလေးတွေ လှုပ်ရှားနေပါပြီနော်
ကိုယ်က အသဲပုံလေးတွေကိုမလိုချင်တော့ဘူး ပိတ်လို့ရပါတယ် အသဲပုံလေးတွေကို ဖွင့်ချင်တယ် ပိတ်ချင်တယ် ဆိုရင်အောက်ကပုံလေးမှာကြည့်လိုက်နော်...

သူငယ်ချင်းတို့အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ် ထက်ထက်ကိုယ်တိုင်စမ်းသပ်ပြီးလို.တင်ပေးလိုက်တာပါ အားတဲ့အချိန်ရှိရင်စမ်းသပ်ကြည့်လိုက်နော်...
(သူငယ်ချင်း ထက်ထက်က ပို.ပေးထားတာ ကြာပါပြီ..online အလုပ်မအားသေးလို. အခုမှတင်ဖြစ်တာပါ)

1 comment:

  1. The 8 Best Types of Baccarat - FEBCASINO
    Baccarat, poker, roulette, and more. septcasino From traditional French to American and European games, Pai Gow Poker has febcasino become หารายได้เสริม a popular

    ReplyDelete