Sunday 11 May 2014

Embed Code

ဒါက အရင်က လုပ်ထားတဲ့ Embed Code အဟောင်းလေးပါ။ အောက်က code လေးကို copy လုပ်ပြီး MYMC Radio သီချင်းနာမည် အဆိုတော် နှင့်တကွ ကိုယ်ကြိုက်နှစ်သက်ရာ page မှာ embed လုပ်နိုင်ပါပြီ။ ကိုယ့် site နဲ့ သင့်လျော်အောင် width ငြိပေးဖို့တော့ လိုပါလိမ့်မယ်။ <div> tag ကြားထဲထည့်လိုက်ပါ။ ဥပမာ - <div style="width: 300px;">EMBED CODE</div>
ဒါကတော့ MYMC ရဲ့အခုအသစ် လုပ်ထားတဲ့ Embed Code အသစ်ပါ။ ဘာတွေ ထူးခြားသွားလဲ ဆိုတော့ ပထမဆုံး ကြည့်လိုက်ရင် သိသာတာက အရင်တုန်းကလို Windows Media နဲ့မဟုတ်တော့ပဲ Flash Player နဲ့ပါ။ Buffering ပိုမြန်သလို ပိုလည်း ကြည့်လို ကောင်းပါတယ်။ နောက်ထပ်လည်း Player Design အသစ်တွေနဲ့ ကျွန်တော်တို့ ဒီ Page မှာပဲ Update လုပ်သွားမှာပါ။ ကြည့်လိုက်ရင် MYMC ဆိုပြီး အရင်ကလို Banner ကြီးတကားကားနဲ့ မထားတော့ပါဘူး။ တချို့တွေက ကိုယ့်စာမျက်နှာမှာ တင်တဲ့ နေရာမှာ ဖြစ်နိုင်ရင် Music Player လေးအနေနဲ့ ထားချင်တော့ Banner နဲ့က အဲ့ဒီအတွက် အဆင်မပြေပါဘူး။ Banner နေရာမှာ အစားထိုး ကျွန်တော်တို့ ဘာသီချင်းတွေ လာနေလဲ အလွယ်တကူ ကြည့်နိုင်အောငါ ပုံလေးပေါ် ထောက်ပြီး နှိပ်လိုက်တာနဲ့ Information Box ကျလာမှာပါ။ အဲ့ထဲမှာတော့ ဘာသီချင်းတွေ လာပြီးပြီးလဲ ဆိုတာ ၁၀ပုဒ်အထိ ကြည့်နိုင်မှာ ဖြစ်ပြီး အခုလာနေတဲ့ သီချင်း ထုတ်လွှင့်ပေးသူက ဘယ်ကလဲ၊ စတဲ့ information တွေနဲ့ အတူ MYMC Radio
ကို Android နဲ့ iTunes App တွေ မသိသေးသူတွေ အလွယ်တကူ သွားလို့ရအောင် Link တွေထည့်ပေး ထားပါတယ်။ ကဲနောက်ဆုံး ကြိုက်ရင်တော့ Like မလုပ်ရသေးရင် Like ခဲ့ပေါ့နော်။ ဒါက လောလောဆယ် ပထမဆုံး ကျွန်တော်တို့ရဲ့ Embed Information ပါ။ နောက်ပိုင်းတွေ MYMC ဆီကိုတောင် လာစရာ မလိုပဲ တင်ထားတဲ့ Site တွေကနေ Radio နဲ့ပတ်သက်တဲ့ Information တွေကြည့်လို့ ရအောင် လုပ်သွားမှာပါ။ ကျွန်တော်တို့ Radio Code ကိုအသုံးပြုတဲ့ နေရာမှာ ကျွန်တော်တို့ရဲ့ ခွင့်ပြုချက် တကူးတက တောင်းဖို့ မလိုပါဘူး။ ကျွန်တော်တို့ဒါ Public ကိုချပေးထား တာပါ။ ကြိုက်သလို သုံးနိုင်ပါတယ်။ MYMC အနေနဲ့ ဘယ်သူကိုမှ တပူပူ ကပ်ပြီး Site မှာ Radio တင်ပေးပါ ဆိုပြီး ပြောမှာမဟုတ် ပါဘူး။ Radio တခု စာမျက်နှာမှာ တင်တယ် ဆိုတာ ကိုယ့်ဆီမှာ လာလည်သူတွေ ကြိုက်မကြိုက် အဆင်ပြေမပြေ အရင်ဆုံး ကြည့်ပြီး မှလုပ်တာ ကောင်းပါတယ်။ ကျွန်တော်တို့ ကိုတစ်ကယ်လဲ နှစ်သက်လို့ ကိုယ့်စာမျက်နှာ လေးတွေမှာ သူများတွေလည်း နားထောင်လို့ ရအောင် တင်ထားတယ် ဆိုရင် ကျွန်တော်တို့က ကျေးဇူး အများကြီး တင်ပါတယ်။ အောက်က Code လေးကို Copy ကူးကိုယ်ပိုင် စာမျက်နှာ တွေရဲ့ Html မှာ Paste လုပ်ရင် ရပါပြီ။

What is current song?

အပေါ်က Page တွေမှာ ဘယ်လိုအလုပ်မယ် ဆိုတာ Sample ပြထားတာ ဖြစ်ပြီး အောက်က Embed Code ပါ။ Click ထောက်လိုက်တာနဲ့ Code တွေအကုန်လုံး Copy ကူးပြီးသား ဖြစ်သွားပါလိမ့်မယ်။
အဆင်မပြေတာတွေ အားလုံးကို အောက်မှာ Comment ထားခဲ့ပေးပါ။ ကျွန်တော်တို့ reply လုပ်ပြီး ကူညီပါ့မယ်။

No comments:

Post a Comment