Sunday 4 May 2014

Google က Samsung Galaxy S5 Google Play Edition စမတ်ဖုန်း ထွက်ရှိမည် ဟု အရိပ်အမြွက် ပြသ



Aung Ko Htet (MM IT Knowledge)



Google က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းများ ၏ Google Play Edition အမျိုးအစား ကို ထုတ်လုပ်ရောင်းချလေ့ရှိပါသည
်။ ယခုအခါ Google က Samsung ၏ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Galaxy S5 အတွက် Google Play Edition ကို ရောင်းချမည် ဟု အရိပ်အမြွက် ပြသလိုက်ပါသည်။ Google Play Store ရှိ Google Play Edition စမတ်ဖုန်း ကဏ္ဍ တွင် Galaxy S5 ကို အခြား Google Play Edition Smartphone များ နှင့် အတူ ပြသထားပါသည်။ သို့သော် နာမည် ကိုမူ Galaxy S4 ဟု ဖေါ်ပြထားပါသည်။ ပြသထားသည့် ဓါတ်ပုံမှာ Galaxy S5 ဖြစ်သည် ဟု ကျွမ်းကျင်သူများ က အတည်ပြုပါသည်။

Galaxy S5 ၏ Specification များကို ပြန်လည်ဖော်ပြရလျှင် Galaxy S5 တွင် ၅.၁ လက်မ Full HD Super AMOLED 1080p Display တပ်ဆင်ထားပါသည်။ Qualcomm Snapdragon Quad-Core 2.5GHz Processor, 2GB RAM, 16 or 32 GB Storage တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 16 Megapixel Camera နှင့် မျက်နှာချင်းဆိုင်တွင် 2.1 Megapixel Camera တပ်ဆင်ထားပါသည်။ ကင်မရာက Ultra HD Video များ ကို ရိုက်ကူးပေးနိုင်ပါသည်။ 2800mAh Battery တပ်ဆင်ထားပါသည်။ Galaxy S5 သည် ရေစိုခံနိုင်ပြီး IP67 စံနှုန်း သတ်မှတ်ချက်ရှိပါသည်။ ရေအနက် သုံးပေ အထိ ယူဆောင်အသုံးပြုနိုင်ပါသည်။ နှလုံးခုန်နှုန်း ကို တိုင်းတာပေးသည့် Sensor နှင့် လက်ဗွေရာ ဖတ်ရှုနိုင်သည့် Sensor များပါရှိပါသည်။

Samsung Galaxy S5 Google Play Edition စမတ်ဖုန်း တွင် Samsung ၏ TouchWiz UI ကို အသုံးပြုနိုင်မည် မဟုတ်ပါ။ Google Play Edition စမတ်ဖုန်းများ တွင် ထုတ်လုပ်သူများ ၏ ကိုယ်ပိုင် ဆော့ဝဲများ နှင့် App များကို ဖယ်ရှားထားပါသည်။ ထို့အတွက် ဖုန်း တွင် နေရာလွတ်ရရှိမည် ဖြစ်သည်။ ထို့အပြင် Google Play Edition စမတ်ဖုန်းများ သည် Android OS Update ကို အစောဆုံး ရရှိကြပါသည်။

No comments:

Post a Comment