Thursday 1 May 2014

Samsung Galaxy S3 Android 4.3 Official Firmware ကို Root လုပ်ပြီး မြန်မာဖောင့်ထည့်နည်း

လိုအပ်တဲ့ File လေးတွေကို Download လုပ်ပြီး Computer ပေါ်မှာ Extract လုပ်ထားပါ။
ဖုန်းမှာ USB Debugging ကို On ထားပြီး Power ပိတ်ပါ။
Download Mode ဝင်ပါမယ်… [Volume Down + Home + Power button] ခလုတ်သုံးခုကို တစ်ပြိုင်တည်းနှိပ်ပါ။ Warning screen ပေါ်လာရင်တော့ Volume Up တစ်ချက်ဆက်နှိပ်ရင် Download Mode ရောက်ပါပြီ။
ထုံးစံအတိုင်း Odin ကို Run ပါ။
USB Cable ကို အသုံးပြုပြီး ဖုန်းနှင့် Computer ကို ချိတ်ပါ။
ID: COM box မှာ အရောင်သမ်းလာရင် PDA ကိနှိပ်ပြီး Computer ထဲမှာ Extract ပြုလုပ်ခဲ့တဲ့ CF-Root-SGS3-v6.4.tar ကို ထည့်ပေးလိုက်ပါ။
Auto Reboot နှင့် F. Reset Time ကို အမှန်ခြစ်ပေးထားပါ။
အားလုံးမှန်ပြီဆိုရင် Start button ကိုနှိပ်ပြီး ခဏစောင့်ပါ။
ID:COM Box မှာ Pass ပြရင် Cable ကို ဖြုတ်လို့ရပါပြီ။
Root လုပ်ခြင်း ပြီးဆုံးပေမယ့် SuperSu က အလုပ်မလုပ်သေးပါဘူး။
ဒါကြောင့် SuperSU ကို Update လုပ်ပေးရပါဦးမယ်။ အောက်ပါ Link မှ Update SuperSU ကို Download လုပ်ပြီး External SD Card ထဲ ထည့်ထားပါ။
ပြီးရင် ဖုန်းကိုပါဝါပိတ်ပါ။ [Volume Up + Home + Power] ခလုတ်သုံးခုကို တစ်ပြိုင်တည်းနှိပ်ပါ။ Recovery mode ရောက်သွားပါလိမ့်မယ်။
Recovery mode ရောက်ရင် Install zip from sd card>> shoose zip from sd card မှတဆင့် Update SuperSU ကို ရွေးပြီး Install လုပ်လိုက်ပါ။
ပြီးရင် ++++Go back+++++ ကိုနှိပ်ပြီး Reboot system now ကို ရွေးပေးလိုက်ပါ။
ဖုန်းက ပုံမှန်အနေအထား ပြန်ရောက်လာပြီဆိုရင် SuperSU ကို ဖွင့်ပြီး Grant နှိပ်ပေးလိုက်ပါ။ Root လုပ်ခြင်းလုပ်ငန်း ပြီးဆုံးပါပြီ။
မြန်မာဖောင့်ထည့်မယ့်သူများ ဆက်ကြည့်ပေးပါ။ လိုအပ်တဲ့ File တွေ Download လုပ်ထားပါ။
Busy Box ကို အရင်ဆုံး Install လုပ်ပြီး ဖွင့်ပါ။ Superuser request တောင်းရင် Grant ပေးပြီး Install လုပ်နေတာကို ခဏစောင့်ပါ။
အားလုံးပြီးရင် Busy Box ကို ပိတ်လိုက်ပါ။ Zawgyi Font Changer ကို Install လုပ်ပြီး ဖွင့်ပါ။ Superuser request တောင်းရင် Grant ပေါ့နော်… Font Changer ကို ဖွင့်လိုက်တာနဲ့…
Root ရှိမရှိစစ်ဆေးမယ်…
Superuser request ထောက်ခံချက်ယူမယ်…
Busy Box  ရှိမရှိ စစ်ဆးမယ်…
အားလုံးပြည့်စုံတယ်ဆိုရင် Install Zawgyi ကို နှိပ်ပြီး Reboot လုပ်ပေးလိုက်ပါ။ ဖုန်းက ပါဝါပြန်တက်လာရင် လုံးဝ အဆင်ပြေနေပါလိမ့်မယ်။
အားလုံးကိုကျေးဇူးတင်ပါသည်……

No comments:

Post a Comment